THUREIN OO

THUREIN OO

Freelancer ID 2957486

Translation Yangon

Burmese Chinese (Simplified) English

About Freelancer

ဦးသူရိန်ဦး၏ကိုယ်ရေးအကျဉ်း
မောင်သူရိန်ဦး ငယ်နာမည် ဖိုးချိုဖြစ်ပြီး (အဘ) ဦးသန်းဦးလွင်နှင့် (အမိ)ဒေါ်တင်ဝင်းယုမှ (၁၂-၉-၁၉၈၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၃) ဦးရှိသည့်အနက် ဒုတိယမြောက်ဖြစ်ပြီး အစ်မတစ်ဦး ညီတစ်ဦးရှိပါသည်။ အခြေခံပညာကို ၁၉၉၃ ခုနှစ်တွင်စတင်သင်ကြားခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ပညာ‌ရေးတက္ကသိုလ်လေ့ကျင့်‌ရေးအထက်တန်းကျောင်း(ကမာရွတ်)မှ သင်ကြားအောင်မြင် ခဲ့ပြီး စစ်တက္ကသိုလ်အမှတ်စဉ်(၄၉)ဗိုလ်လောင်းသင်တန်းသို့ တက်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် သိပ္ပံဘွဲ့(အီလက်ထ‌ရောနစ်)စစ်တက္ကသိုလ်တွင်ရရှိခဲ့ပြီး ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံခဲ့ရပါသည်။ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ပဲခူးတိုင်း‌ ရေတာရှည်မြို့နယ်၊ ဆွာမြို့ အမှတ်(၃၀၃၂)လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတွင် စတင်၍ တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင်ဗိုလ်ကြီးအဆင့်ရရှိခဲ့ပြီး ဆိတ်ဖူးတောင် မှတဆင့် ဦးစီးအရာရှိ အဖြစ် နေပြည်တော် တောင်ညိုကျေးရွာတွင် ၂၀၁၇ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးတွံတေးမြို့ရှိတပ်ရင်းသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့စဉ်တွင် စစ်စည်းကမ်းဖောက်ဖျက်မှုကြောင့် တပ်မတော်မှထုတ်ပယ်ခြင်းခံခဲ့ရ ပါသည်။ နေပြည်တော်တွင်တာဝန်ထမ်းဆောင်စဉ် ၂၀၁၆ ခုနှစ်တွင် မထွေးစန္ဒာမြင့်နှင့် အိမ်ထောင်ကျခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်သား မောင်လရောင်ဦးကိုမွေးဖွားခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တပ်မတော်မှ ထွက်ခဲ့ပြီး လင်းလရောင်ဦးမည်ဖြစ် မိမိကိုယ်ပိုင် ကုမ္ပဏီထူထောင်၍ မိသားစုနှင့်အတူအေးချမ်းစွာနေထိုင်လျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် သမီး မသက်ထားဦးကို ထပ်မံမွေးဖွားခဲ့ပါသည်။ ယခုလက်ရှိ နိုင်ငံရေးအရှုပ်အရှင်းကင်းရှင်းစွားဖြင့် မိသားစုနှင့်အတူ‌ အေးချမ်းစွာနေထိုင်လျက်ရှိပါသည်။


Work Summary

Ongoing Projects: 0

Currently Active Bids: 0

Projects Completed: 0

Total Bids: 0